ကိုဗစ်နှင့်ပတ်သက်သည့် အွန်လိုင်းပေါ်မှ အခြေအမြစ်အရှိကုသနည်းများကို မယုံကြည်ရန်နှင့် ဆေးမြီးတိုဖြင့် ကုသခြင်းမျိုးမလုပ်ရန် အတိုင်ပင်ခံပြော



ကိုဗစ်နှင့်ပတ်သက်သည့် အွန်လိုင်းပေါ်မှ အခြေအမြစ်အရှိကုသနည်းများကို မယုံကြည်ရန်နှင့် ဆေးမြီးတိုဖြင့် ကုခြင်းမျိုးမလုပ်ရန် အတိုင်ပင်ခံပြော

ရန်ကုန် စက်တင်ဘာ ၂၆

ကိုဗစ်၁၉ ရောဂါနှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်တွင် အခြေအမြစ်မရှိရေးသားထားသည့် ကုသနည်းများကို မယုံကြည်ရန်နှင့် မိမိနေအိမ်တွင် ဆေးမြီးတိုဖြင့် ကုသခြင်းများကို မလုပ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

စက်တင်ဘာ ၂၅ရက်ညပိုင်းက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

အိမ်မှာ ကိုယ့်ဟာကို ကုသနေတယ်။ဆေးမြီတိုလေးတွေနဲ့ ကုသနေတယ်။ အဲဒီ လိုကုသဖို့ ကြိုးစားတယ်ဆိုတာ ဘာနဲ့ဆက်စပ် နေလဲဆိုတော့ အခု ဆိုရင် အွန်လိုင်းမှာရောပေါ့နော်။ သတင်းတွေက ပြန့်နေကြတယ်။ တချို့ကျ တော့လည်း စေတနာမှန်မှန်နဲ့ တင်တာပါ။ တချို့ကျတော့လည်း လူများဆီက ကြားတာကို တစ်ဆင့်ပေါ့နော်။ နည်းနည်းလေးတော့ တာဝန်မဲ့တာပေါ့။ တာဝန်မဲ့တယ်ပဲ ပြောရမှာပေါ့။ တစ်ဆင့်စကားတစ်ဆင့်နားဆိုပြီး တော ့ထပ်ပြီးတော့ ဖြန့်ပေးတာပေါ့။အဲဒါအခြေအမြစ်မရှိတဲ့ ကုသနည်းတွေကို ဖြန့်ပေးနေတာတွေရှိတယ်လို့ ကျွန်မ နားလည်ပါတယ်။ အဲဒီဟာတွေ ကို နားထောင်ပြီးတော့၊ ယုံကြည်ပြီးတော့ အဲဒီလိုလုပ်လို့၊ ကုသလို့ ရမယ် ဆို လို့ရှိရင် မှားပါလိမ့်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ အခုထိကိုဗစ်ရောဂါ မဖြစ်အောင်ဘယ်လိုကာကွယ်နိုင် လဲဆို တာ ဘယ်သူမှ သတ်သတ်မှတ်မှတ်မသိသေးပါဘူး။ ကာကွယ်ဆေးတွေထုတ်လုပ်ဖို့ ကြိုးစားနေတဲ့နိုင်ငံတွေ ရှိပါ တယ်။ ကာကွယ်ဆေးတွေ ထုတ်လုပ်လို့ရခါနီးပြီလို့ ကျွန်မနားလည်ပါတယ်။ တချို့နိုင်ငံ နိုင်ငံ၊ နိုင်ငံ လောက် မှာ၊ ဒါပေမယ့် တကယ်ရတယ်၊ တကယ်သေချာတယ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီးတော့ ဒီဟာ မှန် ကန်တယ် လို့ သတ်မှတ်လိုက်လို့ရှိရင် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေအတွက် စောစောရနိုင်ဖို့အတွက် ကျွန်မတို့ အခုက တည်းကစပြီး စီစဉ်နေပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးဆိုတာ မရှိသေးပါဘူးဆိုတာကို ကျွန်မတို့ ပြည်သူတွေ သေသေချာချာ နားလည် စေချင်ပါတယ်ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်၍အိမ်မှာဆေးမြီးတိုလေးနဲ့ ကုလို့မရတဲ့အခါကျမှ ဆေးရုံ ကို သွားတာမျိုး တွေရှိပါတယ်။ အဲဒါဆိုရင် သိပ်ပြီးတော့ နောက်ကျသွားပါတယ်။ ထိထိရောက် ရောက် ကုသပေး ဖို့ဟာ နောက်ကျသွား ပါတယ်။ ဒါကြောင့်မို့ အရေးကြီး တာက စောစောစီးစီး ကုသမှုခံယူဖို့ပဲဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဘယ်လိုပဲ၊ ဘယ်သူကပဲ၊ ဘာပဲပြောပြော ဒီဟာ လေးနဲ့ လုပ်လိုက်လို့ရှိရင်၊ ဒီဟာလေးစားလိုက်လို့ရှိရင်၊ ဒီဟာ လေး သောက်လိုက်လို့ရှိရင်၊ ဒီလိုနေလို့ရှိရင် လုံးဝကိုဗစ်ရောဂါ မကူးစက်နိုင်ပါ ဘူးဆိုတာ မဟုတ် ပါဘူး။ အဲဒီ တော့ ကိုယ့်ကိုယ်ကိုယ် ရောဂါရနေပြီလို့ ထင်စရာအကြောင်းရှိလို့ရှိရင် ဆေးမြီးတို တွေနဲ့ ကုဖို့ မကြိုးစားပါနဲ့။ ကြားတာနဲ့ ဟိုဟာလေး စားလိုက်ရင် ပျောက်တယ်၊ ဒီဟာလေးသောက်လိုက်ရင် ပျောက် မယ်ဆိုတာကိုလည်း မယုံပါနဲ့။ ဆေးရုံမှာသွားပြီး အစမ်း သပ်ခံပါဟု ပြောသည်။

ထို့အပြင် ပြည်သူများအနေဖြင့်ရောဂါဖြစ်လာပါက အထူးကုဆေးရုံများကို သွားခြင်းထက် ခရိုင်၊ မြို့နယ်များရှိ ပြည်သူ့ဆေးရုံများကို သွားကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

ဒီလိုဆော်ဩတာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ အခုဆိုရင် ကျွန်မတို့ကနေပြီး Antigen test kit အဖြစ်ပေါ့ နော်။ မြန်မြန်ဆန်ဆန်နဲ့ ရောဂါပိုးရှိ၊ မရှိ ကို စမ်းသပ်နိုင်တဲ့၊ မှန်မှန်ကန်ကန် စမ်းသပ်နိုင်တဲ့ ပစ္စည်းဆေးဝါးတွေကို အခု တောင်ကိုရီးယားနိုင်ငံကနေပြီး နိုင်ငံတော်ကနေ တစ်သိန်း မှာထားပါတယ်။ တောင်ကိုရီးယားနိုင်ငံအစိုး ရကလည်း ဒေါ်လာ ငါးသိန်းဖိုး လှူမှာ ဖြစ်ပါတယ်။ ဒီဟာတွေဟာ ရက်ပိုင်းအတွင်း နိုင်ငံ အတွင်းကို ရောက်ပါ မယ်။ ခရိုင်နဲ့ မြို့နယ် ဆေးရုံတွေကိုဖြန့်ပေးပါမယ်။ ခရိုင်နဲ့ မြို့နယ်ဆေးရုံတွေမှာ ဒီရောဂါပိုး ရှိ၊ မရှိကို ထိထိ ရောက် ရောက် စစ်ဆေးပေးနိုင်မှာပါ။ ဒီခရိုင်နဲ့ မြို့နယ်ဆေးရုံတွေမှာ ကျွန်မတို့ရဲ့ ပုဂ္ဂလိ ကဆေးရုံ၊ ဆေးခန်းများ နဲ့ မြန်မာနိုင်ငံ အထွေထွေရောဂါကု ဆရာဝန်များ အဖွဲ့ ကနေပြီး ဝိုင်းဝန်းပြီးတော့ တတ် အားသမျှ ကူညီဖို့လည်း ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေကို သေသေချာချာ စစ်ဆေးနိုင်ဖို့ အတွက် ခရိုင် နဲ့ မြို့နယ် ဆေးရုံတွေကို သွားစေချင်တယ်။ အဲဒီမှာလည်း လုံလောက်တဲ့လူအား လည်း လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ပုဂ္ဂလိကပိုင်းဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်များ က ဝိုင်းဝန်းပြီး တော့ကူညီ ပေးစေချင်ပါတယ်။ ဒီလိုစစ်ဆေးတဲ့အခါမှာ ပိုးတွေ့တယ် ဆိုရင်လည်း တန်းပြီးတော့ ကုသရမယ့်ဆေးရုံ တွေကို ပို့ပေးလို့ရပါမယ်။ စောစောစီးစီး ပို့ပေးနိုင်မှ ဒီရောဂါ အခြေအနေ မဆိုးရွားသွားအောင် ပိုပြီးတော့ ထိထိ ရောက် ရောက် ကုသပေးနိုင်မှာပါ။ ရောဂါနည်းနည်းလွန်သွားမှ သွားတယ် ဆိုလို့ရှိရင် ထိန်းချုပ် ဖို့ ကုသဖို့ ဆိုတာ ပိုပြီးတော့ခက်ခဲသွားပါတယ်ဟု ၎င်းကပြောသည်။

ထို့အတူ ပြည်သူများအနေဖြင့် အစိုးရိမ်မလွန်ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အရင်တုန်းက ဒသမ ကနေပြီးတော့ အခု ဒသမ အထိမြင့်တက်လာပါတယ်။ သိပ်အများကြီး မြင့်တက် လာ တာတော့ မဟုတ်ပါဘူး။ နောက်ပြီးတော့ စမ်းသပ်တဲ့သူတွေ များပြီးတော့၊ ရောဂါကူးတဲ့သူတွေများတဲ့ အခါကျတော့ အဲဒီလောက်မြင့်တက်လာပြီဆိုတာလည်း သိပ်ပြီးတော့ အံ့ဩစရာမဟုတ်ပါဘူး။ သို့သော်ငြား လည်း စိုးရိမ်သင့်သလောက်တော့ စိုးရိမ်ပါ။ သတိတော့ရှိပါ။ စိုးရိမ်မလွန်ပါနဲ့။ စိုးရိမ်လွန်ခြင်းအားဖြင့် ကျွန်မ တို့ပြည်သူ တွေရဲ့ ကိုယ်ခံစွမ်းအားကျပါတယ်။ Stress များပြီးတော့၊ စိုးရိမ်လွန်ပြီးတော့ စိတ်ဖိစီးမှုတွေများရင် ကိုယ်ခံစွမ်း အားကျတတ်ပါတယ်။ အဲဒီလို များလာတဲ့အခါ၊ ကျလာတဲ့အခါကျတော့ ကျွန်မတို့ ရောဂါကို ကာ ကွယ်နိုင်စွမ်း၊ ကိုယ့်ရဲ့ရောဂါကို ကိုယ်ကာကွယ်နိုင်စွမ်းကလည်း ကျပါတယ်။ ဒါကြောင့် ကျွန်မတို့က မလို အပ်ဘဲနဲ့ ပြည်သူ တွေကို စိတ်ပူပင်သောကတွေ မဖြစ်စေချင်တာ ဖြစ်ပါတယ်ဟု ၎င်းကပြောသည်။

ဓာတ်ပုံ- အတိုင်ပင်ခံရုံး


Comments

Popular posts from this blog

ပြည်သူများအနေဖြင့် ပဋိပက္ခထောင်ချောက်ထဲသို့ မဝင်မိစေဖို့ ဂရုစိုက်ကြရန် ဦးဝင်းမြင့်ပြော