ပြည်သူများအနေဖြင့် ပဋိပက္ခထောင်ချောက်ထဲသို့ မဝင်မိစေဖို့ ဂရုစိုက်ကြရန် ဦးဝင်းမြင့်ပြော
ပြည်သူများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပဋိပက္ခထောင်ချောက်ထဲသို့ မဝင်မိစေဖို့ ဂရုစိုက်ကြရန် ဦးဝင်းမြင့်ပြော
ရန်ကုန်
၊ စက်တင်ဘာ ၂၆
ပြည်သူများအနေဖြင့်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ပဋိပက္ခထောင်ချောက်ထဲသို့ မဝင်မိစေဖို့ ဂရုစိုက်ကြ ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒုတိယဥက္ကဌ (၁) ဖြစ်သူ နိုင်ငံတော်သမ္မတ
ဦးဝင်းမြင့်က စက်တင်ဘာ ၂၆ ရက်တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတဆင့်
သတိပေးပြောကြားသည်။
“ပြည်သူလူထုကြီးကလည်း
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ပဋိပက္ခထောင်ချောက်ထဲသို့ မဝင်မိစေရန် ဂရုစိုက်ကြစေလိုပါတယ်။ မိမိတို့အား အာရုံပြောင်း လမ်းကြောင်းလွှဲတဲ့ အဖြစ်အပျက်များကိုလည်း သတိပြုကြစေ လိုပါတယ်။ လှုံ့ဆော်ဖန်တီးမှုများကိုလည်း
စိတ်ခံစားမှုဖြင့် မတုံ့ပြန်မိကြရန် သတိရှိကြစေလိုပါတယ်”ဟု ဦးဝင်းမြင့်က ရေးသားထားသည်။
ဦးဝင်းမြင့်က
ဆက်၍ “ကျွန်တော်တို့အနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ အကျပ်အတည်းတွေ ရှိနေပါစေ၊ ပြည်သူလူထုရဲ့ နားလည်စာနာမှု၊ ပူးပေါင်းပါဝင်မှု၊ ကူညီပံ့ပိုးမှု တွေနဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စုခရီးကို ကျော်လွှား အောင်မြင်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်”ဟု ရေးသားထားသည်။
Photo – U Win Myint FB
Comments
Post a Comment